ကောင်းကင်ဘုံ/၌/ကိုးကွယ်ခြင်း
4
ထို့နောက် ကျွန်ုပ်/ကြည့်/လျှင် ကောင်းကင်ဘုံ/၌ တံခါး/ပွင့်သည်/ကို မြင်ရ၏။ ပထမ/အကြိမ်/က ကျွန်ုပ်/ကြားခဲ့ရသည့် တံပိုး/ခရာသံ/နှင့် တူသော/အသံ/မှာ “ဤ/အရပ်/သို့ တက်လာလော့။ အနာဂတ်/တွင် ဖြစ်ပျက်မည့်/အကြောင်းအရာများ/ကို သင့်/အား ငါ/ပြမည်” ဟူ၍ ဖြစ်၏။ 2 ချက်ချင်း/ပင် ကျွန်ုပ်/အပေါ် ဝိညာဉ်တော်/သက်ရောက်လာ/၍ ကျွန်ုပ်/သည် ကောင်းကင်ဘုံ/၌ တည်ထားသော/ရာဇပလ္လင်/တစ်ခု/နှင့် ထို/ပလ္လင်/ပေါ်တွင် ထိုင်နေသူ/တစ်ဦး/ကို မြင်ရ၏။ 3 ထို/သူ/သည် နဂါးသွဲ့/နှင့် ပတ္တမြား/ကဲ့သို့ တောက်ပနေ၏။ မြ/ကဲ့သို့သော/အဆင်းအရောင်/ရှိသည့် သက်တံ/သည် ထို/ပလ္လင်တော်/ကို ဝန်းရံထား၏။ 4 ရာဇပလ္လင်တော်/ပတ်လည်/တွင် အခြား/ပလ္လင်/နှစ်ဆယ့်လေး/ခု/ရှိ/ပြီး အကြီးအကဲ/နှစ်ဆယ့်လေးပါးတို့/သည် ထို/ပလ္လင်များ/ပေါ်တွင် ထိုင်နေကြ၏။ သူတို့/သည် ဝတ်ရုံဖြူ/ကို ဝတ်ဆင်/လျက် ဦးခေါင်းများ/ပေါ်/တွင် ရွှေ/သရဖူများ/ကို ဆောင်းထားကြ၏။ 5 ရာဇပလ္လင်တော်/မှ လျှပ်စီး/လက်ခြင်း၊ အသံ/မြည်ဟည်းခြင်း၊ မိုးခြိမ်းခြင်း/တို့/ထွက်ပေါ်လာ၏။ ထို/ပလ္လင်တော်/ရှေ့တွင် ဘုရားသခင်/၏ ဝိညာဉ်/ခုနစ်ပါး/ကို ကိုယ်စားပြုသည့် မီးတုတ်/ခုနစ်ခုတို့/သည် တောက်လောင်/လျက်/ရှိ၏။ 6 ရာဇပလ္လင်တော်/ရှေ့/၌ ကျောက်သလင်း/ကဲ့သို့/ကြည်လင်/၍ ဖန်/ပင်လယ်/ကဲ့သို့သော/အရာ/ရှိ၏။ ထို/ပလ္လင်တော်/အနီး/နှင့် ပတ်လည်/၌ သတ္တဝါ/လေးပါး/ရှိ၏။ သူတို့/၏/ခန္ဓာ/ရှေ့/နောက်/တွင် မျက်စိများ/အပြည့်/ရှိ၏။ 7 ပထမ/သတ္တဝါ/သည် ခြင်္သေ့/နှင့်/တူ/၍ ဒုတိယ/သတ္တဝါ/သည် နွားထီး/နှင့်/တူ၏။ တတိယ/သတ္တဝါ/သည် လူ/နှင့်/တူသော/မျက်နှာ/ရှိပြီး စတုတ္ထ/သတ္တဝါ/မှာ ပျံသန်းနေသော/လင်းယုန်/နှင့် တူ၏။ 8 သတ္တဝါ/လေးပါး/တွင် တောင်ပံ/ခြောက်ခုစီ/ရှိ/၍ တောင်ပံ/အတွင်း/နှင့်/အပြင်/၌ မျက်လုံးများ/အပြည့်/ရှိ၏။ သူတို့/က
“ယခု/ရှိ/လျက်၊ ယခင်/ကလည်း/ရှိ/လျက် နောင်အခါ/၌လည်း/ကြွလာမည့် အနန္တ/တန်ခိုးရှင် ဘုရားသခင်/သည်
သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”
ဟူ၍ နေ့ည/မပြတ် ကြွေးကြော်နေကြ၏။ 9 အစဉ်/ထာဝရ/အသက်ရှင်တော်မူ/ပြီး ရာဇပလ္လင်တော်/ပေါ်/တွင် ထိုင်တော်မူသော/အရှင်/၏ ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ကျေးဇူးတော်တို့/ကို ဤ/သတ္တဝါတို့/က ချီးမွမ်းကြ၏။ ထိုသို့/ချီးမွမ်းကြသည့်/အခါတိုင်း 10 အကြီးအကဲ/နှစ်ဆယ့်လေးပါးတို့/သည် ရာဇပလ္လင်တော်/ပေါ်တွင် ထိုင်တော်မူသော/အရှင်/ရှေ့၌ ဝပ်တွားခယ/၍ အစဉ်/ထာဝရ/အသက်ရှင်တော်မူသော/အရှင်/ကို ကိုးကွယ်ကြ၏။ ထို/အကြီးအကဲ/နှစ်ဆယ့်လေးပါးတို့/သည် မိမိတို့/၏/သရဖူများ/ကို ရာဇပလ္လင်တော်/ရှေ့/၌ ချထား/လျက်
11 “အကျွန်ုပ်တို့/၏/ဘုရားသခင် ထာဝရဘုရား…
ကိုယ်တော်/သည် အရာ/အားလုံး/ကို ဖန်ဆင်းတော်မူ/၍
ထို/အရာတို့/သည် ကိုယ်တော်/၏/အလိုတော်/အတိုင်း ဖြစ်တည်လာ/သောကြောင့်
ကိုယ်တော်/သည် ဘုန်းအသရေတော်၊ ဂုဏ်အသရေတော်၊ ဘုန်းတန်ခိုးတော်/တို့/နှင့် ထိုက်တန်တော်မူ၏”
ဟု ကြွေးကြော်ကြ၏။